မွေးရာပါ နှလုံးရောဂါဆိုတာ နှလုံးဖွဲ့စည်းပုံမှာ ပြဿနာဖြစ်နေခြင်းဖြစ်ပြီးတော့ မွေးရာပါ ချို့ယွင်းမှုတွေမှာ အဖြစ်အများဆုံး ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ မွေးရာပါနှလုံးရောဂါဟာ တခြားမွေးရာပါချို့ယွင်းမှုတွေနဲ့ ယှဉ်ရင် ကလေးအသက် တစ်နှစ်အတွင်း သေဆုံးမှုအများဆုံးဖြစ်ပါတယ်။
မွေးရာပါနှလုံးရောဂါကို ကိုယ်ဝန်ဆောင်စဉ်ကတည်းက စစ်ဆေးတွေ့ရှိနိုင်သလို တခါတလေ အရွယ်ရောက်တဲ့အထိ လက္ခဏာမပြတာမျိုးလည်း ရှိတတ်ပါတယ်။
🫀Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ❓
👶 မွေးကင်းစကလေးတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့..
◾နှုတ်ခမ်း၊ အရေပြား၊ လက်ချောင်းခြေချောင်းတွေ ပြာခြင်း၊
◾အသက်ရှူရခက်ခြင်း (သို့မဟုတ်) အသက်ရှူမရခြင်း၊
◾အစာကျွေးရခက်ခြင်း၊
◾ပေါင်မပြည့်ခြင်း၊
◾ကြီးထွားမှုနှေးခြင်း၊
👨 အရွယ်ရောက်လာတဲ့အချိန်မှာမှ လက္ခဏာပေါ်လာမယ်ဆိုရင်တော့…
◾နှလုံးစည်းချက်မမှန်ခြင်း၊
◾မူးဝေခြင်း၊
◾အသက်ရှူရခက်ခြင်း၊
◾မူးမေ့လဲခြင်း၊
◾မောပန်းလွယ်ခြင်း၊
◾တခြားကလေးတွေလို ပြေးပြေးလွှားလွှား မဆော့နိုင်ခြင်း၊
◾ပုံမှန်ကြီးထွားမလာဘဲ သေးညှက်ညှက်ဖြစ်နေခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
🫀Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ဘာကြောင့် ဖြစ်ရသလဲ❓
မွေးရာပါနှလုံးရောဂါဟာ သန္ဓေသားနှလုံးဖွဲ့စည်းမှု စတင်ခါစမှာ ပုံမှန်မဟုတ်တဲ့ ချို့ယွင်းချက်တစ်ခုခု ဖြစ်လာခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ နှလုံးနဲ့ အဆုတ်ကြားမှာ ပုံမှန်မဟုတ်တဲ့ သွေးစီးဆင်းမှုတွေ ဖြစ်လာပြီး အသက်ရှူခြင်းကို ထိခိုက်စေခြင်းဖြစ်ပါတယ်။
🫀Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ❓
✅ မိသားစုမှာ မွေးရာပါနှလုံးချို့ယွင်းမှု မျိုးရိုးရှိနေခြင်း၊
✅ ကိုယ်ဝန်ဆောင်စဉ် အရက်နဲ့ မူးယစ်ဆေးများ သုံးခြင်း၊
✅ ကိုယ်ဝန်ဆောင်နေစဉ် တချို့သော ဆေးများသောက်ခြင်း၊
✅ ကိုယ်ဝန်နုစဉ်မှာ မိခင်က ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း၊
✅ ကလေးငယ်တွင် ဗီဇနဲ့ ခရိုမိုဇုမ်းများ ပြဿနာဖြစ်ခြင်း၊ (ဥပမာ – ဒေါင်းရောဂါ)
✅ သွေးတွင်းသကြားဓာတ်များခြင်း (ဥပမာ ကိုယ်ဝန်ဆောင်ဆီးချို)သည်လည်း ကလေးဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။
🫀Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ❓
တချို့ပြဿနာတွေက ကလေးမမွေးခင်တည်းက စစ်ဆေးသိရှိနိုင်ပေမယ့် တချို့တွေကတော့ မွေးကင်း ကလေးအရွယ် ဒါမှမဟုတ် အရွယ်ရောက်မှပဲ လက္ခဏာပြပြီး သိရတာမျိုး ရှိနိုင်ပါတယ်။
ကလေးမှာဖြစ်တဲ့ မွေးရာပါနှလုံးရောဂါကိုတော့ အက်ကိုးရိုက်ခြင်း၊ Cardiac Catheterization, ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ အီးစီဂျီဆွဲခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း အစရှိတဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးနိုင်ပါတယ်။
🫀Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ကို ဘယ်လိုကုသပါသလဲ❓
ရောဂါကုသခြင်းကတော့ ချို့ယွင်းမှုအမျိုးအစားနဲ့ ပြင်းထန်မှုအပေါ် မူတည်ပါတယ်။ တချို့ကလေးတွေက ရောဂါမပြင်းထန်တဲ့အတွက် အချိန်တန်ရင် အလိုလိုပျောက်သွားနိုင်ပါတယ်။
ချို့ယွင်းမှုပြင်းထန်တဲ့ ကလေးတွေကတော့…
◾ဆေးဝါးများ၊
◾နှလုံးစက်ကိရိယာများထည့်ခြင်း၊
◾ပြွန်သွင်းကုသခြင်း၊
◾နှလုံးကို ခွဲစိတ်ခြင်း၊
◾နှလုံးအစားထိုးခြင်း အစရှိတဲ့ နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။
🫀မွေးရာပါ နှလုံးရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ❓
✔️ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိပါက ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို ကြိုမေးပါ။
✔️ မွေးရာပါနှလုံးရောဂါသည် မိသားစုရာဇဝင်ရှိပါက Genetic Screening လုပ်ရန်အတွက် ဆရာဝန်နှင့် ဆွေးနွေးပါ။
✔️ ဆီးချိုရှိပါက ကိုယ်ဝန်မဆောင်ခင်ကတည်းက သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပါ။
✔️ လိုအပ်တဲ့ ကာကွယ်ဆေးတွေ စုံအောင် ထိုးထားပါ။ ကိုယ်ဝန်ဆောင်စဉ် နေမကောင်းဖြစ်နေတဲ့ သူနား မကပ်ပါနဲ့။
✔️ ကိုယ်ဝန်ဆောင်စဉ် အရက်နဲ့ မူးယစ်ဆေးများသုံးခြင်းကို ရှောင်ပါ။ ဆေးလိပ်သောက်တာ၊ ဆေးလိပ်ငွေ့ရှူတာကိုလည်း ရှောင်ကြဉ်ပါ။
💁♂️ Well Link အနေနဲ့ ဒီလို နှလုံးရောဂါတွေကို ကုသစစ်ဆေးဖို့အတွက် အိန္ဒိယနိုင်ငံရှိ နိုင်ငံတကာအထူးကုဆေးရုံတွေနဲ့ချိတ်ဆက်ပြီး Visa လျှောက်ထားပေးရာကနေ Treatment Plan တွေရယူပေးတာ၊ နေရာထိုင်ခင်းအကြိုအပို့တွေထိ စ-လယ်-ဆုံး ဝန်ဆောင်မှုပေးနေတာကြောင့်…
ကိုယ့်ရဲ့ သားသမီးတွေကျန်းမာသန်စွမ်း အမြဲလန်းဆန်းနေစေဖို့အတွက် မွေးရာပါနှလုံးရောဂါ စစ်ဆေးကုသလိုတယ်ဆို Well Link ကိုသာ သတိရလိုက်ပါနော်…💯
Well Link Healthcare:
🏢77, Thumingalar (3) Street, Thingangyun Township, Yangon, Myanmar
☎️Tel: 09268366200
🖥️Email: welllinkhealthcare@gmail.com