တစ်သက်မမေ့နိုင်မယ့် အတွေ့အကြုံ

တစ်ခုသော ဒီဇင်ဘာညနေခင်းချိန်ခါမှာ အိန္ဒိယနိုင်ငံသို့ ရောက်ရှိပြီး ဆေးကုသမှုတွေခံယူနေသော ကျွန်တော်တို့ Well Link Healthcare ၏ လူနာများထဲမှ အဖွဲ့တစ်ဖွဲ့ဟာ ကျွန်တော်တို့ဆီ ဆက်သွယ်လာခဲ့ပါတယ်။

အကောင်းဆုံး ဆေးကုထုံး၊ ကုနည်းများဖြင့် ကုသပေးနေပါလျက်နဲ့ ရောဂါအခြေအနေမှာ သက်သာပျောက်ကင်းလာခြင်းမရှိဘဲ ပိုမိုဆိုးရွားလာခဲ့သောကြောင့် ဆက်လက်ကုသရန် မဖြစ်နိုင်တော့တဲ့ လူနာတစ်ဦးရဲ့ လူနာရှင် မိသားစုဝင်များသည် လူနာရဲ့ နောက်ဆုံးအချိန်ကို မွေးဖွားကြီးပြင်းလာရာ မိသားစုဝင်၊ ဆွေမျိုး၊ အပေါင်းအဖော်များရှိတဲ့ အမိမြေကို ပြန်ရောက်စေဖို့သာ ဆန္ဒရှိနေတာဖြစ်လို့ ကျွန်တော်တို့ Well Link ကို ကူညီပို့ဆောင်ပေးဖို့အတွက် တောင်းဆိုခဲ့ပါတယ်။

လူနာရဲ့ အခြေအနေမှာ Ventilator (အသက်ရှူစက်) တပ်ဆင်ထားရသည့် အခြေအနေဖြစ်သည့်အတွက် ပုဂ္ဂလိက လေကြောင်းလိုင်းများနှင့် သယ်ဆောင်၍ မရသည်အထိ သယ်ဆောင်ရ ခက်ခဲနေသည့်အတွက် စင်းလုံးငှား လူနာတင်လေယာဉ်ကိုသာ အသုံးပြု၍ အမိမြေကိုပြန်လည် ပို့ဆောင်ရန် စီစဉ်ခဲ့ကြရသည်။

လူနာ၏ အခြေအနေမှာ အချိန်မရွေး တိမ်းပါးကွယ်လွန်သွားနိုင်သည့် အနေအထားဖြစ်နေသောကြောင့် ကျွန်တော်တို့ Well Link အဖွဲ့သားများအနေဖြင့် ပြန်လည်ပို့ဆောင်ရေးအစီအစဉ်များချမှတ်သောနေရာတွင် အသေးအမွှားလေးတွေကအစ အထူးပင် သတိပြုဂရုစိုက်ရပေသည်။

သင့်တော်သော လေယာဉ်၊ အရေးပေါ်လူနာတင်ယာဉ်တို့ကို ဆေးအဖွဲ့၀င်များနှင့် အသေးစိတ် ဆက်သွယ်ဆွေးနွေးတိုင်ပင်ကာ စီစဉ်ဆောင်ရွက်ခဲ့ကြသည်။

လူနာအနေဖြင့် မိသားစုသိုက်သိုက်၀န်း၀န်းဖြင့် နွေးထွေးမှုရှိသော ရပ်၀န်းတွင်သာ ခေါင်းချနိုင်စေဖို့အတွက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Max Hospital မှ ရန်ကုန်မြို့ရှိ အထူးကုဆေးရုံကြီး၏ အရေးပေါ်ကြပ်မတ်ဆောင် အထိကို ကျွန်တော်တို့ Well Link အဖွဲ့သားတွေအနေနဲ့ လစ်ဟာမှုမရှိစေရေးကိုသာ အထူးဂရုပြုဆောင်ရွက်ခဲ့သောကြောင့် အရာအားလုံး စီစဉ်ထားသကဲ့သို့ အဆင်ပြေချောမွေ့စွာပို့ဆောင်နိုင်ခဲ့သည်။

Well Link Healthcare:
🏢77, Thumingalar (3) Street, Thingangyun Township, Yangon, Myanmar
☎️Tel: 09268366200
🖥️Email: welllinkhealthcare@gmail.com

Vamtam
Vamtam

Lorem ipsum dolor sit amet consectetur adipiscing elit dolor

မွေးရာပါနှလုံးရောဂါ (Congenital Heart Disease) အကြောင်းသိကောင်းစရာ

မွေးရာပါ နှလုံးရောဂါဆိုတာ နှလုံးဖွဲ့စည်းပုံမှာ ပြဿနာဖြစ်နေခြင်းဖြစ်ပြီးတော့ မွေးရာပါ ချို့ယွင်းမှုတွေမှာ အဖြစ်အများဆုံး ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။…

အိန္ဒိယနိုင်ငံမှာ ဆေးကုသဖို့အတွက် အကောင်းဆုံးသောရွေးချယ်မှု Well Link Healthcare

ကျန်းမာရေးခရီးစဉ်အစအဆုံးမှာ Well Link Healthcare ရဲ့စကားပြန်များ၊ ဒေသခံကျွမ်းကျင်ဝန်ထမ်းများက လူနာနဲ့ လူနာရှင်တွေလိုအပ်တဲ့ ကိစ္စအဝဝကို အသေးစိတ် စီစဉ်ဆောင်ရွက်ပေးတဲ့အပြင်…