“ Max Healthcare “
Max ဟာ အထူးကုဆေးရုံ (၁၇)ခု၊ ဆေးခန်းနဲ့ ဓာတ်ခွဲခန်း (၃၀) ကျော်အထိ ပါဝင်တဲ့ ကျန်းမာရေးဝန်ဆောင်မှု အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ အထင်ကရဆေးရုံတွေဖြစ်တဲ့ Max Super Speciality Hospitalနဲ့ Saket အပါအဝင် ဆေးရုံ (၁၂) ခုက နယူးဒေလီမြို့ပေါ်မှာတည်ရှိပြီး ကျန်ဆေးရုံတွေကတော့ Mumbai, Mohali, Dehradun, Bathinda မြို့တွေမှာ တည်ရှိပါတယ်။
နယ်ပယ်အသီးသီးက ထင်ရှားတဲ့ဆရာဝန်ပေါင်း (၂၅၀၀) ကျော်နဲ့ Oncology ကင်ဆာရောဂါကုသမှုမှာ အိန္ဒိယ Newsweek ဖော်ပြချက်အရ နံပါတ် (၁) နေရာမှာရပ်တည်နေပါတယ်။
Cardiac Care မှာ အိန္ဒိယနိုင်ငံရဲ့အကြီးဆုံး နှလုံးနှင့် သွေးကြောဆိုင်ရာဌာနတည်ရှိပြီး ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုများ၊ ဆေးဘက်ဆိုင်ရာသုတေသနနဲ့ တီထွင်ဆန်းသစ်မှုများကြောင့် နာမည်ကြီးပါတယ်။
ထူးခြားချက်အနေနဲ့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး အဆုတ်အစားထိုးကုသမှု၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ပထမဆုံး စက်ရုပ်နှင့် ကျောရိုးမကြီးခွဲစိတ်ကုသမှုအဖြစ် အကြီးမားဆုံး ရိုးတွင်းချင်ဆီအစားထိုးတဲ့ Program တွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ကင်ဆာရောဂါအမျိုးမျိုး၊ နှလုံးရောဂါ၊ ကိုယ်တွင်းအင်္ဂါအစားထိုးမှု၊ အာရုံကြောခွဲစိတ်မှု၊ အရိုးအကြောခွဲစိတ်မှု၊ ကျောက်ကပ်ရောဂါ၊ အသည်းနှင့် အစာအိမ်အူလမ်းကြောင်းရောဂါအမျိုးမျိုးအတွက်
အကောင်းဆုံးဝန်ဆောင်မှုများကိုပေးနိုင်တဲ့အတွက် NABH, Joint Commission International (JCI) အသိအမှတ်ပြုဆေးရုံလည်းဖြစ်ပါတယ်။
သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကို ရှေးရှုသောလုပ်ဆောင်မှုများကြောင့် အာရှ၏ ပထမဆုံးသော Leed Gold လက်မှတ်ကိုပါရရှိထားပြီး
စုစုပေါင်းခုတင် ၃၄၀၀ ကျော်၊
အထူးကုဌာနပေါင်း ၃၀ ကျော်၊ နိုင်ငံ (၁၃၅) နိုင်ငံမှ လူနာပေါင်း (၃.၅) သန်းအတွက် အရိုးအဆစ် အစားထိုး (ဒူး၊ တင်ပဆုံ) စတဲ့ အစာထိုးကုသခြင်းတွေအပြင် အခြားရောဂါကုသမှုတွေနဲ့ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုတွေမှာ 3D နည်းပညာကိုအသုံးပြုပြီး ခွဲစိတ်ကုသပေးတဲ့ Robotic surgery ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အများဆုံး ခွဲစိတ်ကုသမှုပေးနေတဲ့ ဆေးရုံတစ်ရုံလည်း ဖြစ်ပါတယ်။